ဒီဇင်ဘာလ ၁၀ ရက်နေ့ ၁၉၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့၊ ရပ်ကွက်(၆)နေ ဘုန်းမြတ်မင်း ၏ နေအိမ်အား ၀ငျရောကျရှာဖှရော ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်ခြံ၀င်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၁၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဘုန်းမြတ်မင်း နှင့် ဝေယံနိုင် ခေါ် ဘိတ်သား အား ရေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။