Vi ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့အချစ်ဦးဖြစ်သူ Ikebukuro Division , Buster Bros Rap အဖွဲ့က Yamada Ichiro နဲ့ချစ်ကျွမ်းဝင်တာကြာပါပြီ။ 2D ကိုပဲစိတ်ဝင်စားသော လက်တွဲဖော်ကို မေတ္တာအပြည့်နဲ့ချစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ တရားဝင်လမ်းခွဲသွားကြောင်းကြေငြာခဲ့ပါတယ်။
အကြောင်းအရင်းကတော့ ထို Yamada Ichiro ဆိုသူက ဆမားတိုခီလို့ခေါ်တဲ့ Yokohama လူမိုက်ဂိုဏ်း ဂိုဏ်းချုပ်နဲ့ ချိန်းတွေ့နေသည်ကို မျက်မြင်တွေ့ရှိလိုက်ရတာကြောင့်ပါ။
” သမုဒ္ဒရာကြီးလောက် ကျယ်ပြန့်တဲ့ရင်ခွင်နဲ့ ချစ်နေပေမယ့် ကိုကြီးက သူ့ကိုမှရွေးရတယ်လို့ ငယ်စိတ်နာလို့မဆုံးဘူး… ကိုကြီးပျော်ဖို့ ကျွန်မနောက်ဆုတ်လိုက်ပါပြီ ကိုကြီး…” ဆိုပြီးစာချန်ခဲ့ပါတယ်။