လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်က နာမည်ကြီး လူကြိုက်များသော Jujutsu Kaisen ရဲ့ Author Gege Akutami နှင့်အတူ လုပ်ခဲ့သော interview မှာ အံ့ဩစရာ သတင်းတစ်ခုကို Gege Akutami က ထုတ်ဖော်ပြောကြား အတည်ပြုခဲ့ပါတယ်။
Akutami ဟာ Jujutsu Kaisen ရဲ့ ခန့်ချောကြီး Nananmi Kento တွင် အချိန်အတော်ကြာ လက်တွဲခဲ့သော အမျိုးသမီးအိမ်ထောင်ဖက်ရှိသည့်အကြောင်းကို အတည်ပြုပေးခဲ့ပြီး တစ်ဆက်တည်းမှာပဲ အမျိုးသမီးဖြစ်သူကိုပါ ကြေညာဖော်ပြပေးခဲ့ပါတယ်။
အမျိုးသမီးဖြစ်သူ၏ အသေးစိတ်အချက်အလက်များကိုတော့ အတိအလင်းဖော်ပြခဲ့ခြင်းမရှိဘဲ အမျိုးသမီးဖြစ်သူ၏ နာမည်နှင့် ခန့်မှန်းခြေအသက်ကိုသာ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အမျိုးသမီးဖြစ်သူမှာ Nanami Lemonade ဖြစ်ပြီး အသက်၂၀ ဝန်းကျင်သာ ရှိသေးသည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။