Channel37 ပရိသတ်ကြီးတို့ရေ တီချယ်အိလို့ခေါ်ကြတဲ့ အိဖြူဖွေးဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အခုလိုဘဲ ပေါက်ကွဲလာခဲ့ပါတယ်။
2024 မှာ လုပ်ဖြစ်မယ့်အရာတွေက
1. စိတ်အလိုကိုမလိုက်ဖို့
2. stress ဒဏ်ကို ခံနိုင်ဖို့
3. တစ်ယောက်တည်း ပျော်ပျော် နေတတ်အောင်ကျင့်ဖို့
4. ကျန်းမာရေး ပိုဂရုစိုက်ဖို့
5. ရည်မှန်းချက် ပိုခိုင်မာဖို့
6. မိဘတွေကို ပိုဂရုစိုက်ဖို့
7. လူတွေကို အယုံမလွယ်ဖို့
8. စကားကို ချင့်ချင့်ချိန်ချိန် လိမ်လိမ်မာမာ ပြောတတ်ဖို့ (မှန်တယ် ရိုးသားတယ်ဆိုတာနဲ့ မလုံလောက်ဘူး)
9. ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုလည်း မေတ္တာပိုထားဖို့
🎉2024 မှာ ပိုကောင်းတဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာမယ်လို့ ယုံတယ်။ ကိုယ်နဲ့ထိုက်တန်တာတွေ ရောက်လာလိမ့်မယ်လို့လည်း မျှော်လင့်တယ်။ ကိုယ့်ဘဝကိုယ် ညစ်ညူးပြီး 2023ရဲ့ နေ့ရက်တော်တော်များများကို ဖြတ်ကျော်လာတာ။ တစ်ချို့သူတွေကို ဒုက္ခပေးမိမှန်းမသိ ပေးပြီး ဒေါသတွေ အလိုမကျမှုတွေနဲ့ ဖြတ်ကျော်လာတဲ့ နေ့ရက်တွေလည်းရှိသေးတယ်။ 2024မှာ အထီးကျန်တယ် အလိုမကျဘူးဆိုတဲ့နေ့တွေ နည်းပြီး ပိုပြီးအကောင်းမြင်တတ်တဲ့စိတ် ကိုယ့်ဘဝကိုယ်ကျေနပ်တဲ့စိတ်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးတယ်။ 🍀
💐ကိုယ့်ရဲ့ကောင်းတဲ့အချက်လေးတွေတော့ အကုန်ထိန်းထားမယ်😍 (အဲဒါတော့ ထည့်မရေးတော့ဘူး ကိုယ်ရည်သွေးတယ် ဖြစ်မှာစိုး😁)
ကိုယ့်အပေါ် ကောင်းတဲ့ ကိုယ်လိုအပ်ချိန်တိုင်း ရှိပေးတဲ့ မိဘ ဆွေမျိုး ဆရာသမား သူငယ်ချင်း မိတ်ဆွေကောင်းတွေအပေါ် ကျေးဇူးတင်ရင်း ပိုပြီး ခိုင်မာတဲ့စိတ် အကောင်းမြင်တတ်တဲ့စိတ် ပိုကြိုးစားတဲ့ပုံစံနဲ့ 2024ကို ဖြတ်သန်းပါမယ်။
Happy New Year🎉🎉🎉 to myself and to you all (ခုထဲက ကြိုwishလိုက်ပြီ စောစောအိပ်မှာမို့😁)
အိဖြူဖွေးကိုချစ်ကြတဲ့ပရိသတ်တို့လဲ အမှတ်တရစကားလေးပြောပေးသွားကြပါဦးနော်